ကလေးတွေ နေမကောင်းတဲ့ အခါမှာ သတိထားနိုင်မယ့် အချက်တချို့

မိုးရာသီလေးလဲ ရောက်လာပြီမို့ ကလေးတွေ နေမကောင်း အဖြစ်များတတ်ပါတယ်.. ကလေးတွေ နေမကောင်းတဲ့ အခါမှာ သတိထားနိုင်မယ့် အချက်တချို့ကို မျှဝေပေးလိုက်ပါတယ်နော်..
၁. ရေအလွန်အကျွံသောက်ခြင်း – ရာသိဥတူ ကြောင့်မဟုတ်ဘဲ … ရေ အလွန်အကျွံသောက်သုံးနေပြီဆို ကလေးတွေ ကိုယ်ပူချိန် မြင့်တတ်လာြခင်းကြောင့်ပါ…. ဖျားနာခြင်းရဲ့ အစလို့ ပြောလို့ရပါတယ်နော်..
၂. အစာစားချင်စိတ်လျော့နည်းခြင်း သို့မဟုတ် ပျောက်ဆုံးခြင်း – တိုတောင်သောကာလမှာ ကလေးတွေ အစာစားချင်စိတ်ဆုံးရှုံးပြီး ဖျားနာတတ်ပါတယ် … စိတ်ဖိစိးမှုကြောင့်လဲ ခုလိုဖြစ်တတ်တာမို့ သတိထား သင့်ပါတယ်…
၃. အော့အန်ခြင်း နှင့် ဝမ်းလျောခြင်း – တစ်ကြိမ် သာ အန်ခြင်း သို့မဟုတ် ဝမ်းသွားခြင်း ဖြစ်လျှင်တော့ စိုးရိမ်စရာ မဟုတ်ပေမယ့်… ထပ်ခါတလဲလဲ ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းမှာ ပြသသင့်ပါတယ် …
၄. ဆီးသွားခြင်း – ဆီးခဏ ခဏ သွားနေပြီဆိုရင်တော့ ဆီးကို သတိထားကြည့်ပေးပါ… ဆီးထဲမှာ သွေး သို့မဟုတ် ထူဆန်းသော အရောင် ပြောင်းလဲမှု ရှိမရှိကို လည်းစစ်ဆေးပါ။ ဆီးသွားတာ နဲခြင်း များခြင်းကလဲ ဖျားနာခြင်း လက္ခဏာ တွေထဲက တခု ဖြစ်ပါတယ် …. ကျောက်ကပ် သို့မဟုတ် ဆီးအိမ်တွင် ပြဿနာ တစုံတရာ ရှိပါကလဲ ဖြစ်တတ်ပါတယ်..
၅. ကလေးတို့ရဲ့ အပူချိန် – ကလေးတွေကလည်း ကိုယ်ပူချိန် တတ်နိုပါတယ် … ဒါ့ကြောင့်မို့ … အပူချိန်လေးလဲ တိုင်းတာပေးသင့်ပါတယ်နော် .. ** ၁၀၃ ဒီဂရီဖာရင်ဟိုက် (၃၉ ဒီဂရီစင်တီ ဂရိတ်) ဆိုရင် အပူချိန် မြင့်မားနေပါပြီ.. ၁၀၄.၅ ဒီဂရီဖာရင်ဟိုက် (၄၀.၃ ဒီဂရီစင်တီဂရိတ်) ဆိုရင်တော့ ဆေးကုသဖို့ လိုအပ်နေပါပြီနော် ..
တချို့တချို့သော အချက်အလက်လေးတွေကို ရှာဖွေပြီး ဖော်ပြပေးထားတာမို့ ကလေးတို့အတွက် အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ရှင့် .. ဗဟုသုတလေးတွေကို အတက်နိုင်ဆုံးမျှဝေပေးသွား မှာမို့ Page လေးကို Like, Share & Follow လုပ်ထားပေးမို့ မမေ့နဲ့နော်..
ပျော်ရွှင်ဖွယ်ရာ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…. ကျေးဇူးတင်ပါတယ်ရှင့်